လွန်ခဲ့တဲ့ရက်ပိုင်းကပဲ HUAWEI ကို အမေရိကန်က American-China Trade War မှာ တရုတ်ကိုဖိအားပေးတဲ့အနေနဲ့ အမျိုးသားလုံခြုံရေးကိုအကြောင်းပြပြီး အမေရိကန်ကုမ္ပဏီများနှင့် စီးပွားရေးအရ ဆက်သွယ်မှုအား ဖြတ်တောက်ခဲ့ပါတယ်။
အဲ့ဒီပိတ်ဆို့မှုကြောင့် အမေရိကန်အခြေစိုက် ကုမ္ပဏီတွေဖြစ်တဲ့ Google LLC အပါအဝင် တခြား Chipmakers တွေဖြစ်တဲ့ Intel, Qualcomm, Broadcom Inc တို့ကပါ Huawei အား စီးပွားရေးအရ ဆက်သွယ်မှုကိုဖြတ်တောက်ခဲ့တာဖြစ်ပါတယ်။
Google က ဆက်နွယ်မှု ဖြတ်တောက်ခဲ့ပြီဆိုပေမယ့်လဲ လက်ရှိထွက်ပြီးခဲ့တဲ့ဖုန်းတွေမှာ Google Services တွေကိုဆက်သုံးလို့ရနေဦးမယ် လို့တော့ဆိုပါတယ်။(ဘယ်အချိန်ထိလဲဆိုတာတော့ မသေချာပါဘူး။)
ဒါ့ကြောင့် Huawei ဟာနောက်ထပ် EMUI Version တွေထပ်ပြီးထွက်မလာနိုင်တော့ပဲ ကိုယ်ပိုင် service ပေးဖို့ကိုသာအာရုံစိုက်လုပ်ရတော့မှာဖြစ်ပါတယ်။
ဒါ့ကြောင့် Huawei ဟာနောက်ထပ် EMUI Version တွေထပ်ပြီးထွက်မလာနိုင်တော့ပဲ ကိုယ်ပိုင် service ပေးဖို့ကိုသာအာရုံစိုက်လုပ်ရတော့မှာဖြစ်ပါတယ်။
လက်ရှိအနေနဲ့ Huawei ဟာ တရုတ်မှာ အကြီးဆုံးစမတ်ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီအဖြစ်ရပ်တည်နေပြီး ၂၀၁၉ ခုနှစ်အစပိုင်းမှာ Apple ကုမ္ပဏီကိုကျော်တက်ပြီး ရောင်းအားအများဆုံးဖြစ်ခဲ့ပါတယ်။ ဒီလိုပိတ်ဆို့မှုတွေဟာ သာမန်ကုမ္ပဏီလေးသာဆိုရင် ချက်ချင်းကို အရှုံးပေါ်သွားနိုင်လောက်တဲ့ ပမာဏပါ။ ဒါပေမယ့် Huawei ဟာ ဒီလိုဖြစ်လာမှာတွေကို ကြိုတင်တွက်ဆခဲ့ပြီး Google မရှိပဲနဲ့လဲ ကိုယ်ပိုင်ရပ်တည်နိုင်ဖို့ရာ ကြိုးစားခဲ့ပါတယ်။
Huawei ရဲ့ ကိုယ်ပိုင် OS ဖြစ်တဲ့ Hongmeng ကို 2012 ခုနှစ်ကတည်းက Huawei ဟာ စတင်ပြီးဖန်တီးခဲ့ကာ စမ်းသပ်မှုတွေပြုလုပ်နေခဲ့ပါတယ်။ ကိုယ်ပိုင်ညဏ်ရည်တု chip တွေအထိပါ ပြုလုပ်နိုင်နေတဲ့အခြေအနေမျိုးထိတုိးတက်ေနပြီ ဖြစ်ပါတယ်။ ဒါကြောင့် American ရဲ့ trade blacklist ဟာ Huawei အပေါ်ကိုကြီးကြီးမားမား ထိခိုက်နိုင်ဖွယ်မရှိဘူးလို့ ယူဆရပါတယ်။
.
.
RK
www.nobletecx.tk
.
.
RK
www.nobletecx.tk






0 comments:
ဤဝက်ဆိုဒ်သည် ယူနီကုဒ်စံစနစ် ကိုလိုက်နာကျင့်သုံးထားပါသဖြင့် Comment များကို ယူနီကုဒ်ဖောင့်ဖြင့်သာ မှတ်ချက်ပေးစေလိုပါသည်။
စိတ်ဝင်တစားဖတ်ရှုခြင်းအား ကျေးဇူးအထူးတင်ရှိပါသည်။
Rabbit Converter ကိုအသုံးပြု၍ ဖောင့်ပြောင်းလဲနိုင်ပါသည်။