Saturday, November 9, 2019

Google က PlayStore ပေါ်သို့ apps များမတင်ခင် တင်းကျပ်စွာစိစစ်ရန် လုံခြုံရေးကုမ္ပဏီများနှင့်ပူးပေါင်း


          လွန်ခဲ့တဲ့ နိုဝင်ဘာ ၆ ရက်နေ့တွင် Google က PlayStore ပေါ်ရှိ အန္တရာယ်ပေးနိုင်သော apps များကို တင်းကျပ်စွာစစ်ဆေးရန် ESET, Lookout, Zimperium စတဲ့ လုံခြုံရေးကုမ္ပဏီများနှင့် ပူးပေါင်းခဲ့ကြောင်း ကြေညာလိုက်ပါတယ်။ ယခုပူးပေါင်းမှုအား App Defense Alliance လို့ခေါ်ပြီး PlayStore ပေါ်သို့ မတင်ခင်မှာလဲ တင်းကျပ်စွာ စစ်ဆေးမယ်လို့ သိရပါတယ်။
Photo - Internet
          Android OS ဟာ ယခုခေတ်အချိန်အခါမှာ ရေပန်းအစားဆုံး OS တစ်ခုအဖြစ်ရပ်တည်နေပါတယ်။ ဒီလိုရပ်တည်နိုင်လာတာလဲ Google ရဲ့အားထုတ်ကြိုးပမ်းမှုတေွမကင်းခဲ့ပါဘူး။ Android OS ကို devices ပေါင်း ၂.၅ ဘီလီယံပေါ်တွင်အသုံးပြုလျှက်ရှိနေပါတယ်။ ဒီလိုလူသုံးအများဆုံး OS တစ်ခုကို အဖျက်သမားတွေအနေနဲ့လဲ မျက်စိကျစရာကောင်းနေပါတယ်။ OS တခု အောင်အောင်မြင်မြင်နဲ့ ကြာရှည်စွာ ရပ်တည်နိုင်ဖို့အတွက် လုံခြုံရေးဟာ အလွန်အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်လျက်ရှိပါတယ်။


          ဒါ့ကြောင့်လဲ Google က Google Play Protect ဆိုတဲ့ feature တစ်ခုကို မိတ်ဆက်ခဲ့ပါတယ်။ PlayStore  ပေါ်က apps တွေကို malware, adware စတဲ့ virus တွေကို စိစစ်ပေးပါတယ်။ Anti Virus App တစ်ခုလိုမျိုးအလုပ်လုပ်ပေးပြီး device ကို ကာကွယ်ပေးနိုင်ပါတယ်။ ယခုအခါမှာ Google က App Defense Alliance အား ဆက်လက်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ ဒီ feature က Google PlayStore ပေါ်ကို Apps တွေမတင်ခင်မှာ App ကိုတင်းကျပ်စွာစစ်ဆေးမှာဖြစ်ပြီး malicious code တွေပါဝင်တယ်လို့ သံသယရှိရင် app ကို PlayStore ပေါ်ကိုတင်ပေးမှာမဟုတ်ပါဘူး။

NobleTecX ပရိတ်သတ်တွေကလည်း ဒီ App Defense Alliance ကြောင့် Play Store ပေါ်က apps တွေဟာ လှည့်ကြည့်စရာမလိုအောင် လုံခြုံစိတ်ချသွားရမယ်လို့ ထင်မြင်မိပါသလား ? အောက်ကကွန်မန့်မှာ ဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်။

RK
Ref : TheVerge

0 comments:

ဤဝက်ဆိုဒ်သည် ယူနီကုဒ်စံစနစ် ကိုလိုက်နာကျင့်သုံးထားပါသဖြင့် Comment များကို ယူနီကုဒ်ဖောင့်ဖြင့်သာ မှတ်ချက်ပေးစေလိုပါသည်။
စိတ်ဝင်တစားဖတ်ရှုခြင်းအား ကျေးဇူးအထူးတင်ရှိပါသည်။

Rabbit Converter ကိုအသုံးပြု၍ ဖောင့်ပြောင်းလဲနိုင်ပါသည်။

About Author

Hi, I'm RKhar. I'm a freelance technical writer. I'm writing articles on nobletecx.ga at now.
Thank you for paying a piece of time to read technical news.