Showing posts with label Article. Show all posts
Showing posts with label Article. Show all posts

Wednesday, August 28, 2019

Unicode ဆိုတာဘာလဲ ?


                         Unicode ဆိုတာ ဖောင့်စနစ်တစ်ခုဖြစ်ပါတယ်။ font အမျိုးအစားတစ်ခုမဟုတ်ပါ။ ဒါ့ကြောင့် Unicode လို့ပြောလိုက်ရင် ဖောင့်နာမည်တွေအများကြီး ကွဲထွက်နေနိုင်ပါတယ်။ (ဥပမာ- MyanmarText, Myanmar 3, Pyidaungsu စသည်ဖြင့် အမျိုးမျိုးရှိပါတယ်။)
Unicode စံစနစ်ကိုလိုက်နာတဲ့ ‌font မှန်သမျှဟာ Unicode Font ဖြစ်ပါတယ်။ အငြင်းပွားစရာမလိုပါဘူး။

ဒါဆို Zawgyi ဆိုတာကရော ဘာလဲ ?
                         Zawgyi ကတော့ လွယ်လွယ်ပြောရရင် အချိန်ကာလတခုက လိုအပ်ချက်တစ်ခုကြောင့် ပေါ်ထွက်လာရတဲါအရာပါ။ ဒါပေမယ့် သူကလဲ ကျွန်တော်တို့အပေါ်မှာ ကျေးဇူးအများကြီးရှိပါတယ်။ ဘာနဲ့တူလဲဆိုတော့ အဆောက်အဦတစ်ခုဆောက်တဲ့အခါသုံးတဲ့ "ငြမ်း" လိုပါပဲ။ အဆောက်အဦ ဆောက်‌နေဆဲမှာ ငြမ်း ကမဖြစ်မနေလိုအပ်ပြီး အဆောက်အဦ ပြီးသွားတဲ့အခါမှာ ငြမ်း ကိုဖျက်ပစ်ရပါတယ်။
Zawgyi ကလဲ ငြမ်း တစ်ခုလိုပါပဲ။ ကျွန်တော်တို့တတွေ Unicode စံစနစ်ကို လိုက်နာတဲ့ font တစ်ခု မတီထွင်နိုင်သေးတဲ့အခြေအနေမှာ ကျွန်တော်တို့ ဖုန်းထဲ ကွန်ပျူတာ‌ထဲကို ဇော်ဂျီဖောင့်သွင်းပြီး အသုံးပြုခဲ့ရပါတယ်။ အခု ပြည့်စုံတဲ့ Unicode ဖောင့်တွေလဲပေါ်လာပြီ။ Zawgyi ကိုလက်လွှတ်သင့်တဲ့အချိန်ကို ရောက်ပါပြီ။ (တကယ်တော့ရောက်နေတာ ကြာပါပြီ။ အခုတခေါက်အရွေ့မှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ကိုယ်တိုင်က ပါဝင်ပြီး ပြောကြားပေးတဲ့အတွက် ပိုပြီး လူသိများလာတယ် ပြောင်းသုံးလာကြတယ် ထင်ပါတယ်။ )

မြန်မာနိုင်ငံမှာအသုံးပြုခဲ့တဲ့ font စနစ်တွေရဲ့သမိုင်းအကျဉ်း ကိုဖော်ပြပါဦးမယ်။ (ဒါဟာ စာရေးသူအာဘော်နဲ့အကျဉ်းချုပ်ရေးထားတာဖြစ်လို့ အမှားတစုံတရာပါဝင်ခဲ့ရင် စာရေးသူကိုယ်တိုင်ရဲ့ လေ့လာမှုလိုအပ်နေသေးလို့ဖြစ်ပါတယ် ခင်‌ဗျာ)

                         ကျွန်တော်တို့ဟာ ကွန်ပျူတာစနစ်တွေနဲ့ စတင်ထိတွေ့ခဲ့စဉ်အချိန်ကာလမှာ မြန်မာလို စာရိုက်ဆက်သွယ်လို့ မရခဲ့ပါဘူး။ ဟုတ်ပါတယ်။ Internet ဆိုင်လေးတွေမှာ တစ်နာရီနှစ်ရာနဲ့ GTalk သုံးကြတုန်းကပေါ့။ ကျနော်တို့တွေ Myanglish နဲ့ပြောခဲ့ကြတယ်။
(e.g sar p p lar, nay kg lar, bal mhar nay lae etc...)
                         အဲ့ဒီကနေတဆင့် ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ အမိဘာသာစကားဖြစ်တဲ့ မြန်မာစာကို ကွန်ပျူတာစနစ်တွေပေါ်မှာ မြင်ချင်လာပါတယ်။ တဦးနဲ့တဦး ဆက်သွယ်ပြောဆိုတဲ့အခါမှာလဲ မြန်မာလိုပဲ စာရိုက်ပြီးပြောချင်လာပါတယ်။ ဒီလို လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ Win font တွေပေါ်ထွက်လာခဲ့တယ်။ Win Innwa တို့ Win Amarapura တို့ စသည်ဖြင့်ပေါ့လေ။
                         သူတို့က အင်္ဂလိပ်အက္ခရာပေါ်မှာ မြန်မာအက္ခရာတွေ အစားထိုးပြီးဖော်ပြပါတယ်။ ဒီစနစ်မှာ အားနည်းချက် လိုအပ်ချက်တွေအများကြီးရှိခဲ့ပါတယ်။ ဒါ့ကြောင့် နောက်ခြေလှမ်းတခုအနေနဲ့ ကျွန်တော်တို့သုံးခဲ့တဲ့ Zawgyi ဟာ ပေါ်ထွက်လာရပါတယ်။
                         Zawgyi ရဲ့အားနည်းချက်က နိုင်ငံတကာကချမှတ်ထားတဲ့ ဖောင့်စံချိန်စံညွှန်းကို မလိုက်နာတာပါပဲ။ အားနည်းချက်တခုကိုပြောပြရရင် Zawgyi က မြန်မာအက္ခရာ ၃၃ လုံးနဲ့တကွ အခြား ပင့်ရစ်ဆွဲထိုး တွေအကုန်လုံးကို character တစ်ခုစီအဖြစ်မှတ်ယူပါတယ်။ တကယ်ဖြစ်ရမှာရက အက္ခရာ ၃၃ လုံးရှိရင် character ကလဲ ၃၃ လုံးပေါ့ တခြား specific ဖြစ်တဲ့ အက္ခရာတွေ အတွက်တော့ character တခုသက်သက်ပေးရပါတယ်။ ဒါတော့ထားလိုက်ပါ။ အကြမ်းဖျင်းအားဖြင့် အက္ခရာ ၃၃ လုံးရှိရင် character ကလဲ ၃၃ လုံးရှိရမယ်ပေါ့။ Zawgyi က ဒါကိုမလိုက်နာပါဘူး။ သူ့စနစ်မှာ အကုန်လုံးက character တွေဖြစ်ပါတယ်။ ဒါ့အပြင် တခြားလိုအပ်ချက်တွေလဲရှိပါတယ်။ ရှိလဲရှိဦးမှာပါ။ ဒါ့ကြောင့်လဲ နောက်တဆင့်ဖြစ်တဲ့ Unicode ဖောင့်တွေပေါ်ထွက်လာရတာပဲဖြစ်ပါတယ်။

Unicode သုံးရင် ဘာတွေအကျိုးကျေးဇူးတွေရလာနိုင်မလဲ ?

Unicode ဟာ နိုင်ငံတကာက လက်ခံထားတဲ့စံစနစ်တခုဖြစ်တာကြောင့် နိုင်ငံတကာနဲ့ဆက်သွယ်တဲ့အခါ လုံးဝအဆင်ပြေစေမှာပါ။
ဥပမာ - Google Translate ကိုအဆင်ပြေပြေသုံးလို့ရနိုင်ခြင်း၊ Google ကထုတ်တဲ့ Products တွေမှာ မြန်မာစာ အမှန်မြင်ရနိုင်ခြင်း၊ Wikipedia Myanmar မှာ စာတွေအမှန်မြင်ရနိုင်ခြင်း စတဲ့ အကျိုးကျေးဇူးတွေရမှာပါ။
Unicode သုံးရတဲ့ အကျိုးကျေးဇူးတွေအကြောင်းကို ဒီထက်ပိုပြီး သိချင်တယ်ဆိုရင် ကျေးဇူးပြု၍ comment မှာရေးထားခဲ့ပေးပါ။ သိချင်တဲ့သူများရင် အကျယ်ချဲ့ပြီး နောက်ထပ်စာတစ်ပုဒ်တင်ပေးပါမယ်။
.
.
စိတ်ဝင်တစား ဖတ်ရှုတဲ့အတွက် ကျေးဇူးတင်ပါတယ်။ မသိသေးတဲ့ သူငယ်ချင်း မိတ်ဆွေတွေကို သိစေချင်ရင် share လုပ်ပေးသွားနိုင်ပါတယ်။
နောက်ထပ် နည်းပညာနဲ့ပတ်သက်တဲ့ဆောင်းပါးတွေကို ဖတ်ချင်ရင် ကျွန်တော်တို့ Page ကို Like and follow လုပ်ထားပေးပါ။
.
နောက် article တစ်ခုမှာပြန်ဆုံကြပါမယ်။
.
#UnicodeMigration
#UnicodeVsZawgyi
#NobleTecX

Thursday, May 16, 2019

Unicode ဘာလဲ ? ဘယ်လဲ ?

           

         Unicode ဆိုတာ ဘာသာစကားတွေကို Computing System တွေဖြစ်တဲ့ Computer, Android Phones, iOS phones အစရှိတဲ့ Electronic devices တွေမှာ ထည့်သွင်းအသုံးပြုနိုင်ရန်အတွက် ဘာသာစကားတစ်ခုစီ၏ စာလုံးပေါင်းသတ်ပုံ နဲ့ စာလုံးဖော်ပြတဲ့စနစ်ကို သတ်မှတ်ပေးထားတဲ့ program တစ်ခုလို့ဆိုနိုင်ပါတယ်။
             ဥပမာပြောရမယ်ဆိုရင် ဘာသာစကားတွေက စာလုံးတစ်ခုစီတိုင်းကို code point တစ်ခု အဖြစ်သတ်မှတ်လိုက်ပြီး ထိုစာလုံးကိုရိုက်လိုက်တိုင်းမှာ code point တစ်ခုကိုပြောင်းပြီး ကွန်ပျုတာကိုပို့ပါတယ်။ ကွန်ပျုတာက code point ကိုလက်ခံရရှိတဲ့အခါမှ နားလည်ပြီး ထိုစာလုံးကို computer ပေါ်မှာဖော်ပြပေးတာဖြစ်ပါတယ်။
              Font style(စာလုံးပုံစံ), Keyboard, Input method(စာရိုက်သွင်းနည်းစနစ်)စတာတွေက Unicode မဟုတ်ပါဘူး။ Unicode ဆိုတာ font ရေးဆွဲသူတွေ ၊ Keyboard ဖန်တီးသူတွေ ၊ စာရိုက်သွင်းနည်းစနစ်တွေကိုဖန်တီးသူတွေ အတွက်နိုင်ငံတကာ ယူနီကုဒ်အဖွဲ့အစည်း(Unicode.Inc) က ချမှတ်ပေးထားတဲ့ စံသတ်မှတ်ချက်တစ်ခုသာဖြစ်ပါတယ်။
              အခုနောက်ပိုင်း Unicode ဟာ တိုးတက်မှုအများကြီးရှိလာပါတယ်။ အစိုးရပိုင်ရုံးများတွင်လဲ Unicode font ဖြစ်တဲ့ Pyidaungsu အားမသုံးမနေရ ပြောင်းလဲသုံးစွဲလာပါတယ်။ ဒါ့အပြင် အဘက်ဘက်မှ Unicode တိုးတက်ရေးအား တိုက်ရိုက်အားဖြင့်ဖြစ်စေ သွယ်ဝိုက်သောအားဖြင့်ဖြစ်စေ ဆောင်‌ရွက်လာမှုများကိုတွေ့ရပါတယ်။ ဥပမာ facebook တွင် Zawgyi to Unicode / Unicode to Zawgyi အလို‌အလျောက် စက်ပစ္စည်း‌တွင်သုံးသောစနစ်အတိုင်း ပြောင်းလဲပေးပြီး မတူညီတဲ့ font အမျိုးအစားသုံးစွဲသူများအကြား အဆင်ပြေချောမွေ့စွာ ‌ဆက်သွယ်နိုင်ရန် ထောက်ပံ့ပေးထားပါတယ်။ ဒါ့အပြင် Wikipedia, Google, Microsoft စတဲ့ products တွေမှာလဲ မြန်မာ(ယူနီကုဒ်)ကိုအထောက်အပံ့ပေးထားတာတွေ့ရပါတယ်။
        
All credit goes to the rightful owner.All credit goes to the rightful owner.
           
                 ကျွန်တော့်အမြင်အရပြောရရင်တော့ ယခုလက်ရှိအချိန်ဟာ Unicode ကိုပြောင်းလဲဖို့ အကောင်းဆုံးအချိန်ဖြစ်ပါတယ်။ အဘက်ဘက်ကပံ့ပိုးမှုများလဲရှိနေပြီး မြန်မာဘာသာစကားအား စံစနစ်မီမီ အသုံးပြုဖို့ရာ မိမိရဲ့လက်တကမ်းအလိုမှာရှိပါတယ်။ ဆုပ်ကိုင်ဖို့ပဲလိုတော့တာပါ။ အောက်မှာ Download link ပေးထားပါမယ်။ Install လုပ်ဖို့အခက်အခဲရှိပါက Myanmar Unicode Area မှာမေးမြန်းအကူအညီတောင်းနိုင်ပါတယ်။
.
Pyidaungsu font အား Download ရယူရန်နှိပ်ပါ။ 
.
မနက်ဖြန်မှာဆက်ပြီး Unicode နဲ့ Zawgyi အကြောင်းကို အကောင်း၊အဆိုး/ အားနည်းချက် အားသာချက်တွေကိုယှဉ်ပြီး မှျဝေပေးသွားပါမယ်။
.
ကျေးဇူးတင်ပါတယ်။
.
.
All credit goes to the rightful owner.
အပေါ်ကအချက်အလက်အကြောင်းအရာများတွင် အမှားများပါဝင်နေပါက စာရေးသူ၏ ညံ့ဖျင်းမှုကြောင့်သာလျှင်ဖြစ်ပါသည်။

Wednesday, May 15, 2019

E-Mail နဲ့ G-Mail တူသလား ? ဘာကွာသလဲ ?

ပြောကြမယ် ဆိုရင် email ဆိုတာဟာ Electronic Mail ပါ။ အလားတူ G-Mail ဆိုတာဟာလဲ Electronic Mail အနွယ်ဝင်ပဲဖြစ်ပါတယ်။ ဘာမှမကွာပါဘူး၊ တူတူပါပဲ။ ကွာတာဆိုလို့ E နဲ့ G ပဲ ရှိပါတယ်။ (Just Kidding). ဒါပေမယ့်လဲ နည်းပညာပိုင်းအရကြည့်မယ်ဆိုရင် Email ဆိုတာ Electronic Mail တေွအကုန်လုံးကို ခေါ်တာဖြစ်ပြီး သူ့ရဲ့အောက်မှာမှ GMail, Mail.ru, Proton Mail, Outlook, Yandex Mail အစရှိသဖြင့် electronic mailing services တေွရှိပါတယ်။ ဒါ့ကြောင့် Gmail သုံးမှတင်မဟုတ်ပါဘူး တခြား electronic mail services တေွကိုသုံးတယ်ဆိုရင်လဲ Email အသုံးပြုတယ် လို့ဆိုနိုင်ပါတယ်။ ဒီလောက်ဆိုရင် မိတ်ဆေွတို့စိတ်ထဲက E Mail Vs Gmail သံသယ တေွလဲ ရှင်းသွားလောက်ပြီထင်ပါတယ်။ ဒါဟာအကြမ်းဖျင်းနားလည်အောင်ရှင်းပြထားခြင်းသာဖြစ်ပါတယ်။အောက်မှာ Gmail နဲ့ Email ကြားက ကွာခြားပုံတေွကိုဖော်ပြပေးထားပါတယ်။ .
Photo credit goes to http://www.differencebetween.net

About Author

Hi, I'm RKhar. I'm a freelance technical writer. I'm writing articles on nobletecx.ga at now.
Thank you for paying a piece of time to read technical news.