Thursday, May 16, 2019
Unicode ဘာလဲ ? ဘယ်လဲ ?
Unicode ဆိုတာ ဘာသာစကားတွေကို Computing System တွေဖြစ်တဲ့ Computer, Android Phones, iOS phones အစရှိတဲ့ Electronic devices တွေမှာ ထည့်သွင်းအသုံးပြုနိုင်ရန်အတွက် ဘာသာစကားတစ်ခုစီ၏ စာလုံးပေါင်းသတ်ပုံ နဲ့ စာလုံးဖော်ပြတဲ့စနစ်ကို သတ်မှတ်ပေးထားတဲ့ program တစ်ခုလို့ဆိုနိုင်ပါတယ်။
ဥပမာပြောရမယ်ဆိုရင် ဘာသာစကားတွေက စာလုံးတစ်ခုစီတိုင်းကို code point တစ်ခု အဖြစ်သတ်မှတ်လိုက်ပြီး ထိုစာလုံးကိုရိုက်လိုက်တိုင်းမှာ code point တစ်ခုကိုပြောင်းပြီး ကွန်ပျုတာကိုပို့ပါတယ်။ ကွန်ပျုတာက code point ကိုလက်ခံရရှိတဲ့အခါမှ နားလည်ပြီး ထိုစာလုံးကို computer ပေါ်မှာဖော်ပြပေးတာဖြစ်ပါတယ်။
Font style(စာလုံးပုံစံ), Keyboard, Input method(စာရိုက်သွင်းနည်းစနစ်)စတာတွေက Unicode မဟုတ်ပါဘူး။ Unicode ဆိုတာ font ရေးဆွဲသူတွေ ၊ Keyboard ဖန်တီးသူတွေ ၊ စာရိုက်သွင်းနည်းစနစ်တွေကိုဖန်တီးသူတွေ အတွက်နိုင်ငံတကာ ယူနီကုဒ်အဖွဲ့အစည်း(Unicode.Inc) က ချမှတ်ပေးထားတဲ့ စံသတ်မှတ်ချက်တစ်ခုသာဖြစ်ပါတယ်။
အခုနောက်ပိုင်း Unicode ဟာ တိုးတက်မှုအများကြီးရှိလာပါတယ်။ အစိုးရပိုင်ရုံးများတွင်လဲ Unicode font ဖြစ်တဲ့ Pyidaungsu အားမသုံးမနေရ ပြောင်းလဲသုံးစွဲလာပါတယ်။ ဒါ့အပြင် အဘက်ဘက်မှ Unicode တိုးတက်ရေးအား တိုက်ရိုက်အားဖြင့်ဖြစ်စေ သွယ်ဝိုက်သောအားဖြင့်ဖြစ်စေ ဆောင်ရွက်လာမှုများကိုတွေ့ရပါတယ်။ ဥပမာ facebook တွင် Zawgyi to Unicode / Unicode to Zawgyi အလိုအလျောက် စက်ပစ္စည်းတွင်သုံးသောစနစ်အတိုင်း ပြောင်းလဲပေးပြီး မတူညီတဲ့ font အမျိုးအစားသုံးစွဲသူများအကြား အဆင်ပြေချောမွေ့စွာ ဆက်သွယ်နိုင်ရန် ထောက်ပံ့ပေးထားပါတယ်။ ဒါ့အပြင် Wikipedia, Google, Microsoft စတဲ့ products တွေမှာလဲ မြန်မာ(ယူနီကုဒ်)ကိုအထောက်အပံ့ပေးထားတာတွေ့ရပါတယ်။
ကျွန်တော့်အမြင်အရပြောရရင်တော့ ယခုလက်ရှိအချိန်ဟာ Unicode ကိုပြောင်းလဲဖို့ အကောင်းဆုံးအချိန်ဖြစ်ပါတယ်။ အဘက်ဘက်ကပံ့ပိုးမှုများလဲရှိနေပြီး မြန်မာဘာသာစကားအား စံစနစ်မီမီ အသုံးပြုဖို့ရာ မိမိရဲ့လက်တကမ်းအလိုမှာရှိပါတယ်။ ဆုပ်ကိုင်ဖို့ပဲလိုတော့တာပါ။ အောက်မှာ Download link ပေးထားပါမယ်။ Install လုပ်ဖို့အခက်အခဲရှိပါက Myanmar Unicode Area မှာမေးမြန်းအကူအညီတောင်းနိုင်ပါတယ်။
.
Pyidaungsu font အား Download ရယူရန်နှိပ်ပါ။
.
မနက်ဖြန်မှာဆက်ပြီး Unicode နဲ့ Zawgyi အကြောင်းကို အကောင်း၊အဆိုး/ အားနည်းချက် အားသာချက်တွေကိုယှဉ်ပြီး မှျဝေပေးသွားပါမယ်။
.
ကျေးဇူးတင်ပါတယ်။
.
.
All credit goes to the rightful owner.
အပေါ်ကအချက်အလက်အကြောင်းအရာများတွင် အမှားများပါဝင်နေပါက စာရေးသူ၏ ညံ့ဖျင်းမှုကြောင့်သာလျှင်ဖြစ်ပါသည်။
About Author
Hi, I'm RKhar. I'm a freelance technical writer. I'm writing articles on nobletecx.ga at now.
Thank you for paying a piece of time to read technical news.






0 comments:
ဤဝက်ဆိုဒ်သည် ယူနီကုဒ်စံစနစ် ကိုလိုက်နာကျင့်သုံးထားပါသဖြင့် Comment များကို ယူနီကုဒ်ဖောင့်ဖြင့်သာ မှတ်ချက်ပေးစေလိုပါသည်။
စိတ်ဝင်တစားဖတ်ရှုခြင်းအား ကျေးဇူးအထူးတင်ရှိပါသည်။
Rabbit Converter ကိုအသုံးပြု၍ ဖောင့်ပြောင်းလဲနိုင်ပါသည်။