Showing posts with label News. Show all posts
Showing posts with label News. Show all posts

Saturday, November 9, 2019

Google က PlayStore ပေါ်သို့ apps များမတင်ခင် တင်းကျပ်စွာစိစစ်ရန် လုံခြုံရေးကုမ္ပဏီများနှင့်ပူးပေါင်း


          လွန်ခဲ့တဲ့ နိုဝင်ဘာ ၆ ရက်နေ့တွင် Google က PlayStore ပေါ်ရှိ အန္တရာယ်ပေးနိုင်သော apps များကို တင်းကျပ်စွာစစ်ဆေးရန် ESET, Lookout, Zimperium စတဲ့ လုံခြုံရေးကုမ္ပဏီများနှင့် ပူးပေါင်းခဲ့ကြောင်း ကြေညာလိုက်ပါတယ်။ ယခုပူးပေါင်းမှုအား App Defense Alliance လို့ခေါ်ပြီး PlayStore ပေါ်သို့ မတင်ခင်မှာလဲ တင်းကျပ်စွာ စစ်ဆေးမယ်လို့ သိရပါတယ်။
Photo - Internet
          Android OS ဟာ ယခုခေတ်အချိန်အခါမှာ ရေပန်းအစားဆုံး OS တစ်ခုအဖြစ်ရပ်တည်နေပါတယ်။ ဒီလိုရပ်တည်နိုင်လာတာလဲ Google ရဲ့အားထုတ်ကြိုးပမ်းမှုတေွမကင်းခဲ့ပါဘူး။ Android OS ကို devices ပေါင်း ၂.၅ ဘီလီယံပေါ်တွင်အသုံးပြုလျှက်ရှိနေပါတယ်။ ဒီလိုလူသုံးအများဆုံး OS တစ်ခုကို အဖျက်သမားတွေအနေနဲ့လဲ မျက်စိကျစရာကောင်းနေပါတယ်။ OS တခု အောင်အောင်မြင်မြင်နဲ့ ကြာရှည်စွာ ရပ်တည်နိုင်ဖို့အတွက် လုံခြုံရေးဟာ အလွန်အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်လျက်ရှိပါတယ်။


          ဒါ့ကြောင့်လဲ Google က Google Play Protect ဆိုတဲ့ feature တစ်ခုကို မိတ်ဆက်ခဲ့ပါတယ်။ PlayStore  ပေါ်က apps တွေကို malware, adware စတဲ့ virus တွေကို စိစစ်ပေးပါတယ်။ Anti Virus App တစ်ခုလိုမျိုးအလုပ်လုပ်ပေးပြီး device ကို ကာကွယ်ပေးနိုင်ပါတယ်။ ယခုအခါမှာ Google က App Defense Alliance အား ဆက်လက်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ ဒီ feature က Google PlayStore ပေါ်ကို Apps တွေမတင်ခင်မှာ App ကိုတင်းကျပ်စွာစစ်ဆေးမှာဖြစ်ပြီး malicious code တွေပါဝင်တယ်လို့ သံသယရှိရင် app ကို PlayStore ပေါ်ကိုတင်ပေးမှာမဟုတ်ပါဘူး။

NobleTecX ပရိတ်သတ်တွေကလည်း ဒီ App Defense Alliance ကြောင့် Play Store ပေါ်က apps တွေဟာ လှည့်ကြည့်စရာမလိုအောင် လုံခြုံစိတ်ချသွားရမယ်လို့ ထင်မြင်မိပါသလား ? အောက်ကကွန်မန့်မှာ ဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်။

RK
Ref : TheVerge

Wednesday, June 5, 2019

တရုတ်က 6G နည်းပညာကို ဖန်တီးရန် သုတေသနပြုလျှက်ရှိနေ


            အခုလက်ရှိ 5G နည်းပညာကိုတောင်မှ ကမ္ဘာတဝှမ်း သုံးလို့မရနိုင်သေးတဲ့ အခြေအနေမှာ တရုတ်က 6G ကို ဖန်တီးနေကြပြီလို့ ဆိုပါတယ်။ 2019 ခုနှစ်ဟာ 5G နည်းပညာ တကမ္ဘာလုံးကိုပျံ့ပွားလာနိုင်မယ်ါနှစ်လို့ ယူဆရပါတယ်။ ကျွန်တော်တို့နိုင်ငံမှာတော့ Ooredoo က ZTE ကုမ္ပဏီနဲ့ တွဲဖက်ပြီး 5G နည်းပညာကို အကောင်အထည်ဖော်သွားဖို့ရှိတယ်လို့သိရပါတယ်။


            China Mobile နဲ့ Tsinghua University တို့တွဲဖက်ကာ သုတေသနပြုလုပ်နေကြတယ်လို့ ဆိုပါတယ်။ China Mobile ဟာ သုတေသန လုပ်ငန်းများမှာ ၀န်ထမ်းပေါင်း ၁၀ ၀၀၀ ကျော် အသုံးပြုထားပါတယ်။ ဒါ့အပြင် နှစ်စဉ် ယွမ် ၂၀ ဘီလီယမ်ကျော်ကို အသုံးပြုနေပါတယ်။ 6G ကိုတော့ ဘယ်တော့လောက်ဖန်တီးလို့ရမယ်လို့ ခန့်မှန်းနိုင်ခြင်းမရှိသေးပါဘူး။
            Huawei ရဲ့ 5G ထုတ်ကုန်များဆိုင်ရာ ဥက္ကဌဖြစ်တဲ့ Yang Chaobin ကတော့ 5G ထက်ပိုပြီးဆန်းသစ်တဲ့နည်းပညာကိုတွေ့ဖို့ရာ ၂၀၃၀ ကျော်မှပဲ ဖြစ်နိုင်မယ်လို့ ပြောကြားထားပါတယ်။ ကဲ China Mobile နဲ့ Tsinghua University တို့က ၂၀၃၀ မတိုင်ခင် 6G ကိုဖန်တီးနိုင်မလား ဆိုတာကတော့ စောင့်ကြည့်ရဦးမ‌ှာပဲဖြစ်ပါတယ်။
Ref : Digital Times
.
RK
www.nobletecx.ga

Monday, June 3, 2019

မိုက်ခရိုဆော့ဖ်ကုမ္ပဏီက ၎င်း၏ Windows ကွန်ပျူတာပေါင်း ၁ သန်းခန့်သည် လုံခြုံရေးယိုပေါက်ရှိနေသည်ဟု သတိပေး

                   
                    လွန်ခဲ့တဲ့ မေလအစောပိုင်းက Microsoft Company က သူတို့ရဲ့ Windows OS(Operating System)သုံး ကွန်ပျူတာပေါင်း အလုံးတစ်သန်းခန့်တွင် လုံခြုံရေးအရတိုက်ခိုက်ခံရနိုင်သည့် ယိုပေါက်များရှိနေတယ် လို့ ပြောလိုက်ပါတယ်။ နောက်ပြီး အဲ့ဒီ ယိုပေါက်တွေကနေ Malware တွေ Ramsomware တွေဟာ အလွယ်တကူပြန့်ပွားနိုင်ကြောင်း သတိပေးထားပါသေးတယ်။
                   

                       Microsoft ကုမ္ပဏီကတော့ Security Update Patches တွေကိုသာ အချိန်မှီလိုက်ပြီး မြှင့်တင်ပေးဖို့ကိုသာ ဆော်ဩထားပါတယ်။ နောက်ပြီး Remote Desktop Service ပေးတဲ့ Windows Server တွေပေါ်မှာရော ဒီ လုံခြုံရေးယိုပေါက်ရှိနေတယ်လို့ Microsoft's Security Response Center(MSRC) က ပြော‌ေရးဆိုခွင့်ရှိသူ Simon Pope ကပြောကြားထားပါတယ်။


                    ကျွန်တော်တို့ ကွန်ပျူတာ‌တွေ‌အများစုရော အဲ့ဒီ တစ်သန်းသော ကွန်ပျူတာတွေထဲမှာ ပါနေနိုင်ပါတယ်။ ဒါပေမယ့် Windows ကို pirated version သုံးနေကြတဲ့သူတွေဆိုတော့ Security Updates တွေလဲ တရားဝင်မရနိုင်တဲ့အတွက် Antivirus ကောင်းကောင်းတွေကိုပဲ ထည့်သွင်းထားဖို့ ကျွန်တော့်အ‌နေနဲ့ အကြံပြုချင်ပါတယ်။

Ref : The Verge
RK
www.nobletecx.ga

Wednesday, May 29, 2019

နာမည်ကြီး Drone Company DJI က 2020 နောက်ပိုင်း Drone များတွင် လေယာဉ်နဲ့ရဟတ်ယာဉ် detector များကို ထည့်သွင်းသွားမည်။


                  Drone တွေဟာ ခရီးသည်တင်လေယာဉ်တွေကို ဒုက္ခကောင်းကောင်းပေးနိုင်တယ် ဆိုတာ ယုံပါသလား ?
                  2009 ခုနှစ် January က US Airways Flight 1549 တုန်းကအခြေအနေကို ဥပမာအနေနဲ့ ကြည့်နိုင်ပါတယ်။ အဲ့တုန်းက ငှက်တွေနဲ့တိုက်မိတာဖြစ်ပြီး bird strike လို့ခေါ်ပါတယ်။ သာမန်ငှက်တစ်ကောင်ကသာ ကြီးမားတဲ့လေယာဉ်ကြီးကို ဒုက္ခပေးနိုင်တယ်ဆိုရင် စက်ပစ္စည်းတွေဖြစ်တဲ့ drone တွေဟာ ပြောဖို့ကိုမလိုတော့ပါဘူး။ အောက်မှာ သရုပ်ပြ Video File ကိုကြည့်နိုင်ပါတယ်။

                 
                  အမေရိကန်နိုင်ငံမှာဆိုရင် လေဆိပ်နဲ့ ငါးမိုင်အကွာအဝေးအတွင်းမှာ drone မပျံသန်းရအမိန့်ထုတ်ထားပါတယ်။ လေထုထဲမှာ ပျံသန်းတဲ့ယာဉ်အချင်းချင်းတိုက်မိမယ်ဆိုရင် အရွယ်အစားကအဓိကမကျပဲ အရှိန်ကသာ အဓိကကျပါတယ်။ ဘယ်လောက်သေးတဲ့ ပစ္စည်းဖြစ်ဖြစ် အရှိန်ပါပါနဲ့ လေယာဉ်ရဲ့တောင်ပံပိုင်းကိုတိုက်မိရင် အကုန်လုံးပွဲသိမ်းမှာပါပဲ။
                  ဒါ့ကြောင့် နာမည်ကြီး drone ထုတ်လုပ်ရေး ကုမ္ပဏီဖြစ်တဲ့ DJI(Da-Jiang Innovations) ဟာ 2020 ကစပြီး သူတို့ drone တွေမှာ လေယာဉ်၊ ရဟတ်ယာဉ် အာရုံခံစနစ်ကို ထည့်သွင်းသွားမှာ ဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။ တကယ်လို့ ကိုယ့်ရဲ့ drone ဟာ တခြား Aircrafts တွေကို အန္တရာယ်ပေးနိုင်တဲ့ အကွာအဝေးမှာရောက်နေတယ်ဆိုရင်‌လဲ အလိုအလျှောက် ဘေးကင်းရာကိုရွှေ့ပေးမယ့် စနစ်ပါ ပါဝင်တယ်လို့သိရပါတယ်။
Source : TheVerge
.
RK
www.nobletecx.ga

Tuesday, May 28, 2019

Google သည် အချို့သော password များကို encrypt မလုပ်ပဲ သိမ်းဆည်းထားသည်မှာ ၁၄ နှစ်ခန့်ကြာပြီဖြစ်

                 
photo - The Hacker News
        
                    ကွန်ပျူတာရဲ့စနစ်မှာ password တွေကိုသိမ်းတဲ့အခါမှာ ကျွန်တော်တို့ဟာ ရိုးရိုး plain text မှ hash အဖြစ်သို့ encrypt လုပ်ပြီး သိမ်းဆည်းကြရပါတယ်။ ဒါမှသာ web server ကို ဟက်ကာတွေရန်ရှာနိုင်ခဲ့ရင်တောင်မှ password တွေအလွယ်တကူယူမသွားနိုင်စေရန်နဲ့ အခြား လုံခြုံရေးအကြောင်းပြချက်တွေကြောင့်ဖြစ်ပါတယ်။
                    မေလ ၂၂ ရက်နေ့က Google ဟာ သူတို့ web server မှာ bug တစ်ခုကိုတွေ့ရှိခဲ့ကြောင်းနှင့် ပြန်လည်ပြင်ဆင်ပြီးဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ ဒီ bug ဟာ ရိုးရိုးအခမဲ့ Gmail သုံးစွဲသူတွေကို လုံးဝထိခိုက်မှာမဟုတ်ပဲ၊ GSuite user တွေကိုသာထိခိုက်ခံရတယ်လို့ဆိုပါတယ်။ နောက်ပြီး အဲ့ password တွေနဲ့ပတ်သက်ပြီး မသင်္ကာစရာမတွေ့ရဘူးလို့ ဆိုပါတယ်။


                    Google အနေနဲ့ 2005 ခုနှစ် ပရိုဂရမ်ရေးသားစဉ်က ထိုအမှားကိုပြုလုပ်မိခဲ့ကြောင်း ယခုပြန်လည်ပြင်ဆင်ထားပြီးဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။ GSuite သုံးစွဲသူ အကုန်လုံးတော့မဟုတ်ပဲ အချို့သူတွေရဲ့ password တွေကိုသာ plain text အဖြစ်သိမ်းဆည်းထားခြင်းပါ။
                    အခုဖြစ်စဉ်က ဒီလိုပါ။ ပထမဆုံး Gmail account လုပ်စဉ် password ကိုရိုက်ထည့်လိုက် ကတည်းက password ကို hash(စာဝှက်) တစ်မျိုးအဖြစ်သို့ပြောင်းလဲလိုက်ပြီး Google ရဲ့ server မှာသွားရောက်သိမ်းဆည်းပါတယ်။ log in ပြန်ဝင်ရင်လဲ အဲ့က hash ကို plain text ပြောင်းပြီး မှန် မမှန် တိုက်စစ်ကာ မှန်မှသာလျှင် ပေးဝင်တာဖြစ်ပါတယ်။
                    ပုံမှန်ဆိုရင် အဲ့လိုဖြစ်ရမှာဖြစ်ပြီး အခုဖြစ်စဉ်ဟာ password တွေကို hash အဖြစ်သို့ မပြောင်းလဲပဲ ရိုးရိုး text plain တွေအတိုင်းပဲ သိမ်းဆည်းထားမိနေတာဖြစ်ပါတယ်။
ကျွန်တော်တို့ကိုထိခိုက်တာမဟုတ်တော့ သိပ်တော့ စိုးရိမ်စရာမရှိပါဘူး။
.
Source : from Google
.
RK
www.nobletecx.ga

Sunday, May 26, 2019

Huawei ရဲ့ ကိုယ်ပိုင် HongMeng OS ပေါ်တွင် Android apps များကိုပါ အသုံးပြုနိုင်မည်။


Photo - huaweiupdate.com

               အခုလက်ရှိမှာ OS(Operating System) တွေများစွာရှိပါတယ်။ အထင်ရှားဆုံးကတော့ Android, iOS, Windows တို့ဖြစ်ပြီး Android OS အတွက်ရေးသားထားတဲ့ applications(softwares) တွေကို တခြား OS တွေပေါ်မှာ အသုံးပြုလို့မရပါဘူး။ အလားတူ iOS အတွက်ထုတ်ထားတဲ့ apps တွေကလဲ iOS ပေါ်မှာပဲ အသုံးပြုနိုင်တာဖြစ်ပါတယ်။
               ခုနကထင်ရှားတဲ့ OS သုံးခုထဲမှာ Open Source ဖြစ်တာက Android ပါ။ Open Source ဆိုတာက အခမဲ့ ပြုပြင်နုိင် သုံးစွဲနုိင်တာကိုဆိုလိုပါတယ်။ Windows နဲ့ iOS ဟာ အခမဲ့မဟုတ်သလို ပြုပြင်လို့မရပါဘူး။ ဒါ့ကြောင့် Google ပိုင်တဲ့ Huawei ကိုအကုန်လုံးနီးပါး သုံးမရဘူးဆိုရင်တောင် ပြုပြင်ပြီးသုံးစွဲလို့ရဦးမှာဖြစ်ပါတယ်။


               ဒါ့ကြောင့် အခု Huawei ရဲ့ HongMeng ဟာ AOSP လို့ခေါ်တဲ့ Android Open Source Project အပေါ်မှာ ဒီဇိုင်းဆွဲထားမယ် ထင်ပါတယ်။ ဒါ့ကြောင့်လဲ Android အတွက်ထုတ်ထားခဲ့တဲ့ apps တွေကို ထည့်သွင်းအသုံးပြုလို့ရနိုင်မှာပါ။
              Huawei ရဲ့အခုအခြေအနေဟာ Google က ဦးဆောင်ပြီး ‌ပိတ်ဆို့ပြီးတဲ့နောက်မှာ Chip Maker တွေဖြစ်တဲ့ Intel, Qualcomm, Chip designer ဖြစ်တဲ့ ARM တို့အပြင် SD association ကပါ Ban ခံလိုက်ရတာကြောင့်မို့ SD card တွေနဲ့ Micro SD card တွေသုံးစွဲလို့ရတော့မှာ မဟုတ်ပါဘူး။ ဒါ့အပြင် Huawei ဟာ ကိုယ်တိုင် Wifi Association ကနေလဲ နုတ်ထွက်ထားတယ်လို့ ဆိုပါတယ်။
ဒါကြောင့် Huawei ရဲ့ plan B ဟာ အန္တရာယ်အရမ်းကြီးပြီး ထူးရင်ထူး မထူးရင် ရူးမယ့်အခြေအနေပါ။


                HongMeng OS ကို‌ေနာက်ထွက်လာမယ့် Huawei Mate 30 မှာစတင်ပြီး မိတ်ဆက်မှာဖြစ်ပါတယ်။ Android စပေါ်တုန်းက Nokia လိုမျိုးနောက်ကျပဲ ကျန်နေခဲ့မလား ? ဒါမှမဟုတ်ရင် Android ကို ရင်ဘောင်တန်းနိုင်တဲ့အထိ ကြီးမားလာမလား ? ဆိုတာကတော့ ကျွန်တော်‌တို့တတွေ ဆက်လက်ပြီး ရှုစားကြရဦးမှာပါ။
.
RK
www.nobletecx.ga

Friday, May 24, 2019

မားစ်ဂြိုဟ်ပေါ်ကို အမှတ်တရအဖြစ် ကိုယ့်ရဲ့နာမည်လွှတ်တင်ပေးကြမယ်။



                   မေလ ၂၂ ရက်နေ့က National Aeronautics and Space Administration (NASA) ရဲ့ထုတ်ပြန်ချက်အရ ကျွန်တော်တို့တွေ မည်သူမဆို မားစ်ဂြိုဟ်ရဲ့ မျက်နှာပြင်ပေါ်ကို ကိုယ်ရဲ့နာမည်ပေးပို့နိုင်လိမ့်မယ်လို့ ဆိုပါတယ်။ဒီနာမည်တွေကို လာမယ့် ၂၀၂၀ ခုနှစ်မှာလွှတ်တင်မယ့်
မားစ်ခရီးစဉ်မှာ ယူဆောင်သွားမှာဖြစ်ပြီး ကျွန်တော်တို့ရဲ့ နောက်မျိုးဆက်တွေ ကမ္ဘာ့ပြင်ပသက်ရှိရှာဖွေရေးလုပ်ငန်းတွေမှာ အမှတ်တရဖြစ်အောင် ပြုလုပ်ပေးလိုက်ခြင်းဖြစ်ပါတယ်။

                   NASA ဟာ သမိုင်းဝင်တဲ့ဒီခရီးစဉ်မှာ သူတို့ချည်းသွားရောက်မှာ မဟုတ်ပဲ အားလုံးကိုပါ အမှတ်တရအဖြစ်ခေါ်ဆောင်သွားချင်တယ်လို့ NASA ကထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာရေးသားထားပါတယ်။


                   NobleTecX blog ရဲ့ ပရိသတ်တို့အနေနဲ့ မားစ်ဂြိုဟ်ပေါ်ကို ကိုယ့်နာမည်လေး လွှတ်တင်ချင်တယ်ဆိုရင်တော့ စက်တင်ဘာလ ၃၀ ရက်နေ့ မတိုင်ခင် ဒီဖောင်လေး ကိုဖြည့်ပေးရမှာဖြစ်ပါတယ်။ ဖြည့်လိုက်ပြီဆိုရင် ကျွန်တော်တို့ရဲ့ နာမည်ပါတဲ့ boarding pass လို flyer ticket လေးရရှိမှာဖြစ်ပါတယ်။ နောက်ထပ် နာဆာကပေးတဲ့ frequent flyer point တွေကိုလဲ ရရှိသွားမှာပါ။ အဲ့ဒီအမှတ်တွေနဲ့ ဘာလုပ်မလဲ ဆိုတာကိုတော့ NASA ကရှင်းလင်းပြောကြားထားခြင်းမရှိသေးပါဘူး။

မြန်မာနိုင်ငံက နာမည်ပေါင်း ၅ထောင်ကျော်ရှိနေပါပြီ။
                   နာမည်တွေကို ဆီလီကွန်အပြား‌တွေပေါ်မှာ ရေးသားသွားမှာဖြစ်ပြီး နာမည်တစ်ခုချင်းစီရဲ့အရွယ်အစားဟာ ဆံချည်မျှင်တစ်မျှင်ရဲ့ 1/1000 ပုံခန့်သာရှိလိမ့်မယ်လို့ NASA ကပြောကြားထားပါတယ်။

                   ဒီလိုအခွင့်အရေးမျိုးကို NASA ကအရင်ကလဲ ပေးခဲ့ဖူးပါတယ်။ 2018 ခုနှစ်တုန်းက မားစ်ပေါ်ကိုလွှတ်တင်ခဲ့တဲ့ Insight mission မှာလဲ အခုလို နာမည်တွေကို ခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။ အဆိုပါခရီးစဉ်တုန်းက နာမည်ပေါင်း ၂ သန်းခန့်ဟာ အခုဆိုရင် မားစ်ဂြိုဟ်ရဲ့ မျက်နှာပြင်ပေါ်မှာ ရောက်ရှိနေကြပြီဖြစ်ပါတယ်။
.
2020 ခုနှစ် လွှတ်တင်မှုအတွက် ကိုယ့်နာမည်တွေကို ဒီနေရာကို သွားရောက်ဖြည့်စွက်ပေးနိုင်ပါတယ်။
.
.
Ref: Curiosity MM
.
RK
www.nobletecx.ga

Thursday, May 23, 2019

တရုတ်နိုင်ငံတွင် Wikipedia အား မည်သည့်ဘာသာစကားနဲ့မှ သုံးမရအောင်ပိတ်ပင်ထားသည်ဟု ဆို


photo - slate.com

               တရုတ်နိုင်ငံမှာ လွန်ခဲ့တဲ့ April လကတည်းက Wikipedia အား မည်သည့်ဘာသာစကားနဲ့မှ သုံးမရအောင် ပိတ်လိုက်တယ်လို့ Wikimedia Foundation ကအတည်ပြုပြောကြားလိုက်ပါတယ်။
               တရုတ်နိုင်ငံဟာ အင်တာနက် မီဒီယာတွေနဲ့ပတ်သက်ပြီး အတော်ကိုတင်းကျပ်တဲ့ နိုင်ငံတခုဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ facebook ကိုလဲသုံးမရအောင်ပိတ်ထားတာတော့ လူတိုင်းနီးပါးသိကြမှာပါ။
               တရုတ်မှာ Wikipedia ကို ယခင်က တရုတ်ဘာသာဗားရှင်းကိုသာ ပိတ်ပင်ထားခဲ့တာဖြစ်ပါတယ်။ ယခုမှာတော့ မည်သည့်ဘာသာစကားနဲ့မှ သုံးမရတော့အောင် ပိတ်ပင်လိုက်တာဖြစ်ပါတယ်။


               Internet Censorship သုတေသနပညာရှင်များဟာ တရုတ်နိုင်ငံမှာ အသုံးပြုလို့မရတဲ့ website ထောင်ပေါင်းများစွာထဲမှာ Wikipedia လဲ ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်။
              Wikimedia Foundation က ယခုပိတ်ပင်မှုနဲ့ပတ်သက်ပြီး တရုတ်အစိုးရက သူတို့အား သတိပေးအကြောင်းကြားမှု တစုံတရာ မပြုလုပ်ခဲ့ကြောင်း ပြောပါတယ်။
.
Ref - NetGuide Journal
RK
www.nobletecx.ga

Sunday, May 19, 2019

Google က သင့်ရဲ့ online ဝယ်ယူမှုများအား G-Mail မှတဆင့် ထောက်လှမ်းနေဟုဆို

Photo - computerworld.com

                    ကျွန်တော် တို့ရဲ့ နည်းပညာမုဆိုးကြီး Google ဟာဘာတွေကိုကြံစည်နေသလဲဆိုတာ ကျွန်တော်တို့ မခန့်မှန်းနိုင်သေးတဲ့ အနေအထားဖြစ်ပါတယ်။ သူတို့သေချာသွားလို့ ချပြလိုက်ရင်လဲ ကျွန်တော်တို့ကိုအမြဲပဲ ရင်သပ်ရှုမောဖွယ်ဖြစ်စေပါတယ်။ အခုလဲ Google ဟာကျွန်တော်တို့ရဲ့ online purchase တွေကိုလိုက်ပြီးထောက်လှမ်းကြည့်ရှုနေပါသတဲ့။

                    CNBC ဝက်ဆိုဒ်မှ ရေးသားထားချက်အရ Google ဟာ အဲ့ကနေရတဲ့အချက်အလက်တွေကို ကျွန်တော်တို့ဆီမှာပြန်ပြီး ကြော်ငြာတွေပြဖို့ မသုံးပါဘူးတဲ့။ ဒီစကားသာအမှန်ဖြစ်မယ်ဆိုရင် Google ဟာ Online Purchase တွေနဲ့ပတ်သက်ပြီးတစ်ခုခုကိုကြံနေတယ်ဆိုတာ သေချာ‌နေပြီဖြစ်ပါတယ်။ ပရိသတ်တို့ရော ဘယ်လိုထင်သလဲဗျ ? Comment မှာရေးခဲ့လို့ရပါတယ်။

                     Google ရဲ့သိမ်းဆည်းထားတဲ့ ကျွန်တော်တို့ရဲ့ Online Purchase တွေကို https://myaccount.google.com/purchases မှာကြည့်နိုင်ပါတယ်။ ကိုယ်ဘာတွေဝယ်ခဲ့လဲ ဆိုတာ ကိုယ်တိုင်မမှတ်မိဘူးဆိုရင်တောင် Google ရဲ့သိမ်းထားတဲ့အထဲမှာ အချိန်နဲ့တကွ ပြန်တွေ့နိုင်ပါတယ်။

ဒါကတော့ ကျွန်တော့ရဲ့ Online Purchase history တွေပါ
                    အခုဆိုရင် ပရိတ်သတ်‌ေတွ Google က ကိုယ်ဝယ်သမျှကို ဘယ်လိုသိလဲ ဆိုတာ သိချင်နေကြမယ်ထင်ပါတယ်။ ကျွန်တော်တို့ Amazon ကဖြစ်ဖြစ်၊ Alibaba ကဖြစ်ဖြစ် ပစ္စည်းဝယ်မယ်ဆိုရင် Email address တောင်းပါတယ်။ ကျွန်တော်ကတော့ Gmail ကိုပဲထည့်ပေးလိုက်ပါတယ်။ အဲ့မှာ mail ပို့ပြီး Purchase Confirm လုပ်ခိုင်းပါတယ်။ အဲ့မှာ Google ကသိတာပါ။

                    CNBC ရဲ့ပြောဆိုချက်အရ အဲ့အချက်အလက်တွေကို မယူပါနဲ့ ဆိုပြီး ပိတ်ထားလို့မရပါဘူးတဲ့။ ကျွန်တော်ကတော့ အဲ့ကအချက်အလက်တွေကိုသုံးပြီး ကိုယ့်ဆီ ကြော်ငြာတွေမပြဘူး ဆိုတာနဲ့တင် ကျေနပ်ပါတယ်ဗျာ။ ပရိတ်သတ်တို့ရဲ့အမြင်ကရော ..........
.
.
RK
www.nobletecx.tk

Friday, May 17, 2019

Google ရဲ့ရှေ့ပြေးပုံစံ AI Translator အသစ်က သင့်အသံအနိမ့်အမြင့်အတက်အကျအတိုင်း ဘာသာပြန်နိုင်


           Wow ! ဒါဟာတကယ့်ကို Smart ဖြစ်စေမယ့် ရှေ့ပြေးပုံစံပါပဲ။ နောင်ကာလတွေမှာ စကားပြောသင်တန်းတွေတက်ဖို့မလိုတော့အောင်ကို စွမ်းဆောင်ပေးနိုင်ပါလိမ့်မယ်။ မကြာသေးခင်ကလဲ နည်းပညာသိုက်တူးသမားကြီး Google ဟာ Google Assistant ရဲ့တိုးတက်လာတဲ့ စွမ်းဆောင်ရည်တွေကို ပရိတ်သတ်တွေဆီချပြခဲ့ပါတယ်။ အဲ့ video ကိုကြည့်လိုက်သူတိုင်း ဟာခနဲ ဟင်ခနဲ ဖြစ်သွားကြမယ်ဆိုတာ ကွျန်တော်အာမခံရဲပါတယ်။ တိုးတက်လာတဲ့ Google Assistant ရဲ့ Video လေးကိုအောက်မှာကြည့်လိုက်ကြပါဦး။


            ဒါဆိုရင် သင်သာ သင့်ရဲ့ဖုန်းကိုအသံနဲ့ပဲအစအဆုံးထိန်းချုပ်ချင်သူသာဆိုရင် ဒီ Video က သင့်ကို Wow လို့အကျယ်ကြီးအော်ရအောင်လုပ်နိုင်မှာပါ။ ပျော်မနေပါနဲ့ဦး ကျွန်တော်တို့ဖုန်းထဲက Google Assistant ကအဲ့လောက်ထိ လုပ်မပေးနိုင်သေးပါဘူး။ဒါက Next Generation လို့ Google မှာကြေညာထားပါတယ်။ ဘယ်တော့ support ပေးမလဲ မသိရသေးပါဘူး။ ပေးမယ်ဆိုရင်လဲ Google ရဲ့ဖုန်းတွေဖြစ်တဲ့ Pixel series တွေမှာအရင်ဆုံး စပြီးပေးလောက်ပါတယ်။

           ကဲ AI Translator အကြောင်းကိုဆက်ရအောင်ပါ။ အပေါ်က Video ကိုကြည့်တာနဲ့ Google က Voice Algorithms တွေမှာ ဘယ်လောက်ထိခရီးပေါက်ထားပြီလဲဆိုတာ ခံစားမိကြမှာပါ။ သူ့က အသံကနေ အသံကိုပဲ ဘာသာပြန်ပေးတာပါ။ ဥပမာ - သင်က Translator သုံးပြီး ဗမာစကားနဲ့ "နေကောင်းလား" လို့ပြောတဲ့အခါ Translator ကသင့်ရဲ့အသံအရည်အသေွး၊အနိမ့်အမြင့်အတက်အကျပုံစံအတိုင်း "How are you ?" လို့ အသံထွက်ပေးသွားမှာပါ။ ဒီလိုသာဆိုနောင်အနာဂတ်မှာ နိုင်ငံခြားလူမျိုးခြားတေွနဲ့ဆက်ဆံဖို့ လက်ထဲမှာ device တစ်ခုပဲလိုတော့မှာဖြစ်ပါတယ်။ အောက်မှာ AI ရဲ့ အလုပ်လုပ်ထားတဲ့ Input voice, Output voice တေွကိုနားထောင်ကြည့်လိုက်ကြပါဦး။

Input (Spanish)
Translatotron translation
Translatotron translation with inflection
 Source : TheVerge 
by RK
www.nobletecx.tk

Fornite ရဲ့ Event အသစ်မှာ John Wick Character နဲ့ဆော့လို့ရပြီ


            
Photo- forniteinsider.com
           အခုခေတ်စားနေတဲ့စကားနဲ့ပြောရရင် Fornite ဟာ တော်တော် ပေါ်ပင်လုပ်တဲ့ game ပါပဲ။ အရင် Avengers:End Game ထွက်တုန်းကလဲ End Game Event ဆိုပြီး ထုတ်ပေးလိုက်ပါသေးတယ်။
            အခုလဲ လာပြန်ပါပြီ။ မေလ 17 ရက်နေ့မှာ တကမ္ဘာလုံးကိုပြ‌သတော့မယ့် John Wick : Chapter 3 ကို promote လုပ်တဲ့အနေနဲ့ crossover event ဆိုပြီး ထွက်ရှိလာပါတယ်။

                         Photo - gamespot.com

           ဂိမ်းကစားသူတွေအနေနဲ့ အပိုင်း ၂ ခုရှိပါတယ်။
ပထမတစ်ခုက John Wick Skin နဲ့ Gear တွေကိုဝယ်ယူပြီး ကစားရမှာဖြစ်ပြီး နောက်တစ်ခုက "Wick's Bounty" လို့ ခေါ်တဲ့ Time Limited Mode ဖြစ်ပါတယ်။ အဲ့မှာ unlock လုပ်နိုင်မယ့် goodies တွေလဲ အများအပြားပါရှိတယ်လို့ သိရပါတယ်။
            နောက်ပြီး အဲ့ mode မှာပဲ Mysterious Assassin နေရာမှာလဲ ဝင်ရောက်ကစားနိုင်မှာဆိုတော့ John Wick ရယ် Wick Bounty Hunter သမားတွေနဲ့ ဆော့လို့တော့ကောင်းဦးမှာပါ။ ဒါ့အပြင် John Wick Hex ဆိုတဲ့ Action Strategy Game အသစ်ပါ ထပ်‌ထွက်လာတော့မယ်ဆိုတော့ ‌မျှော်လင့်စောင့်စားကြပါဦး ြပိတ်သတ်ကြီး :P
Photo - Polygon

Source : TheVerge
.
.
RK

About Author

Hi, I'm RKhar. I'm a freelance technical writer. I'm writing articles on nobletecx.ga at now.
Thank you for paying a piece of time to read technical news.