Monday, June 3, 2019
Home »
News
» မိုက်ခရိုဆော့ဖ်ကုမ္ပဏီက ၎င်း၏ Windows ကွန်ပျူတာပေါင်း ၁ သန်းခန့်သည် လုံခြုံရေးယိုပေါက်ရှိနေသည်ဟု သတိပေး
မိုက်ခရိုဆော့ဖ်ကုမ္ပဏီက ၎င်း၏ Windows ကွန်ပျူတာပေါင်း ၁ သန်းခန့်သည် လုံခြုံရေးယိုပေါက်ရှိနေသည်ဟု သတိပေး
လွန်ခဲ့တဲ့ မေလအစောပိုင်းက Microsoft Company က သူတို့ရဲ့ Windows OS(Operating System)သုံး ကွန်ပျူတာပေါင်း အလုံးတစ်သန်းခန့်တွင် လုံခြုံရေးအရတိုက်ခိုက်ခံရနိုင်သည့် ယိုပေါက်များရှိနေတယ် လို့ ပြောလိုက်ပါတယ်။ နောက်ပြီး အဲ့ဒီ ယိုပေါက်တွေကနေ Malware တွေ Ramsomware တွေဟာ အလွယ်တကူပြန့်ပွားနိုင်ကြောင်း သတိပေးထားပါသေးတယ်။
Microsoft ကုမ္ပဏီကတော့ Security Update Patches တွေကိုသာ အချိန်မှီလိုက်ပြီး မြှင့်တင်ပေးဖို့ကိုသာ ဆော်ဩထားပါတယ်။ နောက်ပြီး Remote Desktop Service ပေးတဲ့ Windows Server တွေပေါ်မှာရော ဒီ လုံခြုံရေးယိုပေါက်ရှိနေတယ်လို့ Microsoft's Security Response Center(MSRC) က ပြောေရးဆိုခွင့်ရှိသူ Simon Pope ကပြောကြားထားပါတယ်။
ကျွန်တော်တို့ ကွန်ပျူတာတွေအများစုရော အဲ့ဒီ တစ်သန်းသော ကွန်ပျူတာတွေထဲမှာ ပါနေနိုင်ပါတယ်။ ဒါပေမယ့် Windows ကို pirated version သုံးနေကြတဲ့သူတွေဆိုတော့ Security Updates တွေလဲ တရားဝင်မရနိုင်တဲ့အတွက် Antivirus ကောင်းကောင်းတွေကိုပဲ ထည့်သွင်းထားဖို့ ကျွန်တော့်အနေနဲ့ အကြံပြုချင်ပါတယ်။
Ref : The Verge
RK
www.nobletecx.ga
About Author
Hi, I'm RKhar. I'm a freelance technical writer. I'm writing articles on nobletecx.ga at now.
Thank you for paying a piece of time to read technical news.






0 comments:
ဤဝက်ဆိုဒ်သည် ယူနီကုဒ်စံစနစ် ကိုလိုက်နာကျင့်သုံးထားပါသဖြင့် Comment များကို ယူနီကုဒ်ဖောင့်ဖြင့်သာ မှတ်ချက်ပေးစေလိုပါသည်။
စိတ်ဝင်တစားဖတ်ရှုခြင်းအား ကျေးဇူးအထူးတင်ရှိပါသည်။
Rabbit Converter ကိုအသုံးပြု၍ ဖောင့်ပြောင်းလဲနိုင်ပါသည်။