Drone တွေဟာ ခရီးသည်တင်လေယာဉ်တွေကို ဒုက္ခကောင်းကောင်းပေးနိုင်တယ် ဆိုတာ ယုံပါသလား ?
2009 ခုနှစ် January က US Airways Flight 1549 တုန်းကအခြေအနေကို ဥပမာအနေနဲ့ ကြည့်နိုင်ပါတယ်။ အဲ့တုန်းက ငှက်တွေနဲ့တိုက်မိတာဖြစ်ပြီး bird strike လို့ခေါ်ပါတယ်။ သာမန်ငှက်တစ်ကောင်ကသာ ကြီးမားတဲ့လေယာဉ်ကြီးကို ဒုက္ခပေးနိုင်တယ်ဆိုရင် စက်ပစ္စည်းတွေဖြစ်တဲ့ drone တွေဟာ ပြောဖို့ကိုမလိုတော့ပါဘူး။ အောက်မှာ သရုပ်ပြ Video File ကိုကြည့်နိုင်ပါတယ်။
အမေရိကန်နိုင်ငံမှာဆိုရင် လေဆိပ်နဲ့ ငါးမိုင်အကွာအဝေးအတွင်းမှာ drone မပျံသန်းရအမိန့်ထုတ်ထားပါတယ်။ လေထုထဲမှာ ပျံသန်းတဲ့ယာဉ်အချင်းချင်းတိုက်မိမယ်ဆိုရင် အရွယ်အစားကအဓိကမကျပဲ အရှိန်ကသာ အဓိကကျပါတယ်။ ဘယ်လောက်သေးတဲ့ ပစ္စည်းဖြစ်ဖြစ် အရှိန်ပါပါနဲ့ လေယာဉ်ရဲ့တောင်ပံပိုင်းကိုတိုက်မိရင် အကုန်လုံးပွဲသိမ်းမှာပါပဲ။
ဒါ့ကြောင့် နာမည်ကြီး drone ထုတ်လုပ်ရေး ကုမ္ပဏီဖြစ်တဲ့ DJI(Da-Jiang Innovations) ဟာ 2020 ကစပြီး သူတို့ drone တွေမှာ လေယာဉ်၊ ရဟတ်ယာဉ် အာရုံခံစနစ်ကို ထည့်သွင်းသွားမှာ ဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။ တကယ်လို့ ကိုယ့်ရဲ့ drone ဟာ တခြား Aircrafts တွေကို အန္တရာယ်ပေးနိုင်တဲ့ အကွာအဝေးမှာရောက်နေတယ်ဆိုရင်လဲ အလိုအလျှောက် ဘေးကင်းရာကိုရွှေ့ပေးမယ့် စနစ်ပါ ပါဝင်တယ်လို့သိရပါတယ်။
Source : TheVerge
.
RK
www.nobletecx.ga




0 comments:
ဤဝက်ဆိုဒ်သည် ယူနီကုဒ်စံစနစ် ကိုလိုက်နာကျင့်သုံးထားပါသဖြင့် Comment များကို ယူနီကုဒ်ဖောင့်ဖြင့်သာ မှတ်ချက်ပေးစေလိုပါသည်။
စိတ်ဝင်တစားဖတ်ရှုခြင်းအား ကျေးဇူးအထူးတင်ရှိပါသည်။
Rabbit Converter ကိုအသုံးပြု၍ ဖောင့်ပြောင်းလဲနိုင်ပါသည်။