အခုလက်ရှိ 5G နည်းပညာကိုတောင်မှ ကမ္ဘာတဝှမ်း သုံးလို့မရနိုင်သေးတဲ့ အခြေအနေမှာ တရုတ်က 6G ကို ဖန်တီးနေကြပြီလို့ ဆိုပါတယ်။ 2019 ခုနှစ်ဟာ 5G နည်းပညာ တကမ္ဘာလုံးကိုပျံ့ပွားလာနိုင်မယ်ါနှစ်လို့ ယူဆရပါတယ်။ ကျွန်တော်တို့နိုင်ငံမှာတော့ Ooredoo က ZTE ကုမ္ပဏီနဲ့ တွဲဖက်ပြီး 5G နည်းပညာကို အကောင်အထည်ဖော်သွားဖို့ရှိတယ်လို့သိရပါတယ်။
China Mobile နဲ့ Tsinghua University တို့တွဲဖက်ကာ သုတေသနပြုလုပ်နေကြတယ်လို့ ဆိုပါတယ်။ China Mobile ဟာ သုတေသန လုပ်ငန်းများမှာ ၀န်ထမ်းပေါင်း ၁၀ ၀၀၀ ကျော် အသုံးပြုထားပါတယ်။ ဒါ့အပြင် နှစ်စဉ် ယွမ် ၂၀ ဘီလီယမ်ကျော်ကို အသုံးပြုနေပါတယ်။ 6G ကိုတော့ ဘယ်တော့လောက်ဖန်တီးလို့ရမယ်လို့ ခန့်မှန်းနိုင်ခြင်းမရှိသေးပါဘူး။
Huawei ရဲ့ 5G ထုတ်ကုန်များဆိုင်ရာ ဥက္ကဌဖြစ်တဲ့ Yang Chaobin ကတော့ 5G ထက်ပိုပြီးဆန်းသစ်တဲ့နည်းပညာကိုတွေ့ဖို့ရာ ၂၀၃၀ ကျော်မှပဲ ဖြစ်နိုင်မယ်လို့ ပြောကြားထားပါတယ်။ ကဲ China Mobile နဲ့ Tsinghua University တို့က ၂၀၃၀ မတိုင်ခင် 6G ကိုဖန်တီးနိုင်မလား ဆိုတာကတော့ စောင့်ကြည့်ရဦးမှာပဲဖြစ်ပါတယ်။
Ref : Digital Times
.
RK
www.nobletecx.ga





0 comments:
ဤဝက်ဆိုဒ်သည် ယူနီကုဒ်စံစနစ် ကိုလိုက်နာကျင့်သုံးထားပါသဖြင့် Comment များကို ယူနီကုဒ်ဖောင့်ဖြင့်သာ မှတ်ချက်ပေးစေလိုပါသည်။
စိတ်ဝင်တစားဖတ်ရှုခြင်းအား ကျေးဇူးအထူးတင်ရှိပါသည်။
Rabbit Converter ကိုအသုံးပြု၍ ဖောင့်ပြောင်းလဲနိုင်ပါသည်။